Ultimate magazine theme for WordPress.

NUG ရဲ့ ပြည်တွင်း စစ်ရေးလမ်းစဥ်နဲ့ ကုလမှာ မြန်မာကို ကိုယ်စားပြုခွင့်- BBC News မြန်မာ

0



စစ်အုပ်ချုပ်ရေးကို တနိုင်ငံလုံး တွန်းလှန်တိုက်ခိုက်ကြဖို့ NUG က ကြေညာလိုက်ပြီးမှာပဲ ပြည်တွင်း စာနာမှု အကူအညီတွေပေးရေး ထိခိုက်မှာ စိုးကြောင်း နိုင်ငံတကာ ပြောဆိုသံတွေ စထွက် လာပါတယ်။

သိပ်မကြာခင် ရက်ပိုင်း ဆိုရင်ပဲ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ NUG အနေနဲ့ စစ်ကောင်စီနဲ့ အပြိုင် စိစစ်ခံရမယ့် နိုင်ငံတကာ သံခင်းတမန်ခင်း အမြင့်ဆုံး အားပြိုင်ပွဲလည်း ရှိနေပါတယ်။

ဒီ အချိန်မှာ NUG ဘက်က ပြည်တွင်း စစ်ရေး လမ်းစဥ်ကို ကြေညာလိုက်တဲ့ အတွက် ကုလသမဂ္ဂ မျက်နှာစာနဲ့ နိုင်ငံတကာ ဆက်ဆံရေး အပိုင်းတွေ အပေါ် ဘယ်လိုတွေ သက်ရောက် လာလဲ … နိုင်ငံတကာ ဖိအား လျော့ကျအောင် NUG ကက်ဘိနက်အတွင်း ဆွေးနွေး ထားတာမျိုးတွေ ရှိလား … NUG ရဲ့ ပြည်တွင်း စစ်ရေး လမ်းစဥ်ဟာ နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းတွေနဲ့ရော သဟဇာတ ဖြစ်ရဲ့လား … စတာတွေကို ဒီတစ်ပတ် အထူးပြု ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Get Great Deals Now

ဒီတစ်ပတ်မှာ ပါဝင် ဆွေးနွေးကြသူတွေကတော့ NUG ရဲ့ လူ့ အခွင့်အရေး ဆိုင်ရာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းနဲ့၊ ဖက်ဒရယ် ဥပဒေရေးရာ အကယ်ဒမီ ကျောင်းအုပ်ကြီးလည်း ဖြစ်၊ ဥပဒေ အထောက်အကူပြု ကွန်ရက်ကို ထူထောင်သူ ရှေ့နေကြီး ဦးအောင်ထူးတို့ပဲ ဖြစ်ပါတယ်။ ကိုဝေဖြိုး စီစဥ် တက်ဆက်ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း #NUG #ဦးကျော်မိုးထွန်း #ကုလသမဂ္ဂ #ဒူဝါလရှီးလ

source

Leave A Reply

Your email address will not be published.